Hikers တွေ ကိုယ့်အတွက် ဖိနပ်ကို ဘယ်လိုရွေးချယ်ကြမလဲ။

အခု ပြောပြပေးချင်တာကတော့ hiking သမားတွေအတွက် သာမက hiking သွားချင်တဲ့သူတွေ အတွက်ပါဘယ်လိုဖိနပ်အမျိုးအစားတွေရှိတယ် ဘယ်လို ဖိနပ်ကိုရွေးချယ်ရင်ပိုကောင်းမယ်ဆိုတဲ့အနေနဲ့ အသိတစ်ခု တိုးသွားအောင် ဝေမျှပေးသွားမှာပါ။ ကိုယ်က hiking သမား မဟုတ်ဘူးဆိုရင်လည်း ကိုယ့်သူငယ်ချင်းတွေထဲမှာ hiking သမားတွေရှိခဲ့မယ်ဆိုရင်တောင်မှ ကိုယ့်အနေနဲ့မျှဝေပြောပြပေးနိုင်မှာပါ။
အချိန်ကြာကြာ စီးထားပြီး သွားလာရမှာဆိုတော့ ခြေထောက်မှာစီးထားတုန်း ပေါ့ပါးနေဖို့နဲ့ သက်တောင့်သက်သာဖြစ်နေမဲ့ hiking boots မျိုးကိုကိုယ့်အတွက်ရွေးဝယ်တာ အကောင်းဆုံးပါပဲ။ နောက်ထပ် grip ကောင်းရမယ်။ water proof လည်း ရှိတယ်ဆိုအကောင်းဆုံးပေါ့။ဒါကတော့အခြေခံအချက်လေးတွေပေါ့။ အောက်မှာဆက်လက်ပြီး ဖတ်ရှုပေးပါအုံးခင်ဗျာ။

​Hikers တွေထဲအတွေ့ရနည်းတဲ့ barefoot shoes

ဒီ barefoot shoes ကတော့ hiker တွေထက် runner တွေ bush craft သမားတွေအသုံးများတယ်။ ဒီ ဖိနပ်အမျိုးအစားက sole ပါးတယ်။ ကိုယ့်ခြေထောက်နဲ့ တစ်သားထဲကျနေစေတဲ့အတွက် တချို့နေရာတွေ လှမ်းရပြုရတဲ့အခါ ပိုသေသေချာချာတက်လှမ်းနိုင်တာပေါ့။ barefoot shoes တွေက waterproof အဖြစ်လာတာများတယ် amphibious အဖြစ် ကုန်းရေ နှစ်မျိုးအတွက် စီးလို့ရတယ်။ ကိုယ့်ခြေထောက်ရဲ့အား ခြေဖဝါးရဲ့ အားခံနိုင်ရည်ကိုလည်းသိနိုင်တာပေါ့။ ဒါပေမဲ့ သင်က တကယ့် ကြီးမားတဲ့ကျောက်တောင်တွေပေါ်အမြင့်တွေပေါ်ကိုတက်မယ်ဆိုရင်တော့ ဒီ barefoot shoes တွေနဲ့ဆို အားမပေးပါဘူး။ 🏃🏃‍♀️🏃‍♀️

ပုံမှန်ပေမဲ့ ပုံမှန်မဟုတ်တဲ့ ဒီဇိုင်းနဲ့ hiking sandals

ဒီ hiking sandals ကတော့ နောက်ပိုင်း လူတွေက တောင်တွေအမြင့် တက်လေ့တက်ထမရှိဘူး။ အသစ်စတက်မဲ့သူ budget လည်းချွေတာမဲ့သူတွေကနေ sandals တွေနဲ့ တက်နေသွားနေတာကနေ hiking boots company တွေကနေ ထုတ်လာတဲ့ hiking sandals တွေပါ။ ပုံမှန် sandals တွေနဲ့တူလားဆိုပေမဲ့ တူပေမဲ့သူ့ရဲ့ grid ကွာလို့ hiking အတွက်ဆို hiking sandals ကိုပဲသီးသန့်ဝယ်ပြီး အသုံဒပြုဖို့ အကြံပေးပါတယ်။ ⛰️⛰️⛰️

​Rock climbers တွေအတွက် ရည်ရွယ်တဲ့ approach shoes

ဒီ ဖိနပ်အမျိုးအစားကတော့ အဖုအထစ် အချွန်အတက်များတဲ့ ကျောက်တောင် တွေကို တက်ရသွားရမဲ့သူတွေအတွက် အဓိက ရည်ရွယ်ပြီး shoes company တွေက ထုတ်လုပ်တဲ့အမျိုးအစားလည်းဖြစ်ပါတယ်။ သူတို့က တင်းတင်းကြပ်ကြပ်နဲ့ ဝတ်ရတာမျိုးဖြစ်ပြီး sole ကလည်း အနည်းငယ် အခြား sole တွေထက်ပို sticky ကပ်စေပါတယ်။ ဒီအမျိုးအစားကတော့ပေါ့ပါးပြီး hiking boots တွေလိုပဲ soles ကမာမာကျောကျောရှိလို့ rock climbing အတွက်သာမက hiking အတွက်ပါ ရွေးချယ်လို့ရပါတယ်။🧗🧗‍♀️🧗‍♀️

နေ့စဉ်မြင်တွေ့နေကျပုံစံနဲ့တူတဲ့ hiking shoes

အခြား sneakers တွေ trainers တွေဟာ hiking shoes ပုံစံမျိုး ၁၉၈၀ နောက်ပိုင်းထုတ်လုပ်လာကြသလို ဝတ်ဆင်တဲ့သူများလာတာကြောင့် ဒီလို hiking shoes မျိုးကိုတော့ သင့်အနေနဲ့မြင်တာနဲ့ sneakers လို့ထင်မိစေမှာပါ။ အမှန်တကယ်တော့ hiking shoes နဲ့ကွာပါတယ်။ ဘယ်နေရာကွာတာလဲဆိုရင် hiking shoes တွေက ပိုထူတယ်၊ soles က ပိုမာကျောတယ်၊ သီးသန့်ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတယ်၊ အဓိက ချော်မကျမှုနည်းပါအောင် အတက်အဆင်းမှာ မြဲအောင်ဖန်တီးယူထားတာ စသဖြင့် ဒါတွေကွာပါတယ်။ အဓိက hiking shoes တွေက ပေါ့ပါးတယ် ကျစ်လစ်တယ်ဆိုတာတွေကြောင့် အမျိုးမျိုး outdoor sports တွေမှာပါ အသုံးပြုတဲ့အခါ အဆင်ပြေပါတယ်။ hiking shoes တွေက hiking boots နဲ့နှိုင်းယှဉ်ပြီးစဉ်းစားမယ်ဆိုရင်တော့ durable ကြာရှည်ခံနိုင်မှု သိပ်မယှဉ်နိုင်တာရယ်၊ ရေစိုတဲ့အခါ ကိုယ့်ရဲ့ ခြေထောက်ခြေဆစ်ကို သိပ်အံဝင်ခွင်ကျ ဖြစ်အောင်မထိန်းထားပေးနိုင်တာနဲ့ gaiter တပ်ချင်တဲ့အခါလည်းတပ်လို့မရတာမျိုးတွေတော့ရှိပါလိမ့်မယ်။ 👟👟👟

အကောင်းဆုံးလို့ပြောရမဲ့ hiking boots

ဒီ hiking boots တွေကတော့အများကြီးပြောစရာမလိုလောက်ပါဘူး။ အပေါ်မှာပါတဲ့အားနည်းအားသာချက်အကုန် hiking boots မှာ အားသာချက်အဖြစ် တွေ့နိုင်လို့ပါ။ သူ့ရဲ့တည်ဆောက်မှုကို နောက်ပိုင်းမှာ upper nylon, leather version, rubber soles စတာတွေနဲ့ hikers တွေအကြိုက် brands မျိုးစုံက ပုံစံအစုံကို ထုတ်လုပ်ပေးနေတာမို့ ကိုယ့်အနေနဲ့ စိတ်ကြိုက် brands ကိုရွေးဝယ်ဖို့ပဲပြောချင်ပါတယ်။ 🥾🥾🥾

အကြမ်းတကာ့အကြမ်းဆုံး mountaineering boots

ဒီ mountaineering boots ကတော့ပြောရရင် hiking boots ရဲ့ boos level version ပေါ့။ သူက အဓိက ရေခဲတောင်တက်တဲ့အခါ crampons တက်လို့ရအောင် ဒီဇိုင်းလုပ်ပေးထားတယ်။ သူတို့က ပိုပိုပြီးမာကျောတဲ့ ပုံစံတွေ soles တွေနဲ့ ဘေးဘက်က စတီးအပါးလေးတွေ ဒါမှမဟုတ် ကာဗွန် ဖိုက်ဘာ အချောင်းလေးတွေလည်းပါလာတယ်။ ဒါက ရေခဲမြစ်တွေဆီ သွားတဲ့နေရာမှာလည်းအထောက်အကူဖြစ်စေပါတယ်။ အဓိက က တခြား hiking နဲ့ climbing boots တွေထက်ထူးခြားတာက ကိုယ့်အနေနဲ့ ရေခဲတောင်တွေတက်မဲ့အခါ ဒီ mountaineering boots တွေက ကိုယ့်ခြေထောက်ကို frostbite ရေခဲရိုက်ခြင်းကနေလည်း ကာကွယ်ပေးနိုင်အောင် ဒီဇိုင်းလုပ်ပေးထားတာမျိုးပါ။ 🥾🥾🥾
အခုဖော်ပြပေးခဲ့တာတွေကတော့ barefoot shoes ကနေ mountaineering boots အထိ hiking အတွက်ရှိတဲ့ shoes and boots အမျိုးအစားတွေဖြစ်ပြီး ဘယ်လိုအရာကိုရွေးချယ်ဝယ်သူသင့်တယ် သင့်တော်မယ်ဆိုတာကို ပြောပြပေးထားတာပဲဖြစ်ပါတယ်။ 👞👟🥾
အကယ်၍ လူကြီးမင်းတို့အနေနဲ့ hiking အတွက် boots တွေလိုလာပြီဆိုရင်တော့ ကျွန်တော်တို့ Backpacks 4U မှာ အပေါ်ကဖော်ပြပေးခဲ့တဲ့ အမျိုးအစားအကုန်ရှိပြီး branded လည်းများတာမို့ စိတ်ကြိုက်ရွေးချယ်ဝယ်ယူလို့ရပါပြီ။ 🤩
အခုမှ စသွားမှာ စဝယ်မှာဆိုတဲ့သူတွေအနေနဲ့ ဘယ်ဖိနပ်အမျိုးအစားကိုရွေးရမလဲ မသိဖြစ်နေရင်တော့ ဆိုင်ကိုလာပြီးပဲဖြစ်စေ အွန်လိုင်းကနေပဲဖြစ်စေ အကြံဉာဏ်တောင်းပြီး သင့်အတွက်အလိုအပ်ဆုံး အနီးစပ်ဆုံး ပုံစံ boots types ကိုလည်း ရှင်းပြပေးအုံးမှာမို့ ယုံကြည်စိတ်ချစွာ အားပေးနိုင်ပါပြီ။ 💪😎
အဆုံးထိ ဖတ်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ ကိုယ့်အသိထဲ hikers တွေရှိမယ်ဆိုရင်လည်း ဝေမျှပေးလို့ရပါတယ်။ ကိုယ်တိုင်က hikers သမားဆိုရင်လည်း ဘယ်လိုအမျိုးအစားကို စီးပြီး ခရီးနှင်ခဲ့တယ်ဆိုတာတွေကိုလည်း မျှဝေပေးလို့ရပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ 🙏😍

Leave a Reply

Your email address will not be published.