Description
ဒီတစ်ခေါက်တော့ Fenix Myanmar ရဲ့ ပရိသတ်တွေကို အမိုက်စား Camping Lamp တစ်ခုအကြောင်းကို ပြောပြပေးချင်ပါတယ်ရှင့်။
CL26R camping Lamp လေးဟာဆိုရင် အလင်းအား Lumens 400 အများဆုံးထုက်လွှတ်နိုင်ပြီး အားအပြည့် သွင်းထားမယ်ဆို နာရီ 400 အထိ လင်းလက်နိုင် မှာပဲဖြစ်ပါတယ်။
အလင်းအားကိုလဲ Dual Mood အသုံးပြုနိုင်မှာဖြစ်ပြီး အဖြူရောင် အလင်းအားအတွက် အဆင့် 6 ဆင့်၊အနီရောင်အလင်းအားမှာ အဆင့် 2 ဆင့် အစရှိသဖြင့် မိမိစိတ်ကြိုက်ပြောင်းလဲ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။
25 မီတာ အကွာအဝေးထိ အလင်းအားဖြန့်ကြက်နိုင်ပြီး ဘတ္ထရီကိုလဲ 18650 သို့မဟုတ် CR123A ဘတ္ထရီ နှစ်လုံးဖြင့် အသုံးပြုနိုင် မှာပဲဖြစ်ပါတယ်ရှင့်။
18650(2600mAh)ဘတ္ထရီကိုအားပြန်သွင်းဖို့ကိုတော့ Micro USB type အားသွင်းကြိုးကို အသုံးပြုပြီး အလွယ်တကူပဲ ချိတ်ဆက်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။
မီးအမြဲလိုလိုပျက်နေတဲ့ ကျွန်မတို့တွေအတွက်ဆို လက်မလွှတ်လိုက်သင့်တဲ့ Lamp တစ်ခုပေါ့ရှင်။
ဒီ CL26R series မှာဆိုရင် အအေးဒဏ်ခံနိုင်ရည်ကို အထူးစွမ်းဆောင်နိုင်တဲ့ #IP66 အဆင့်ရှိ Metarial ကို ထည့်သွင်း ဒီဇိုင်းဆွဲပေးထားတာပဲဖြစ်ပါတယ်။
ဒါ့အပြင် #PC2805 အမျိုးအစား Metarial ကို Lamp ရဲ့ ကိုယ်ထည်မှာ ထည့်သွင်း အသုံးပြုပေးထားတာကြောင့် 1.2 တန် အလေးချိန်ရှိ ပစ္စည်းများ၏ ဖိနှိပ်မှုဒဏ်ကိုလဲ ခံနိုင်ရည်ရှိအုံးမှာပဲဖြစ်ပါတယ်။
အကြမ်းခံနိုင်စွမ်းအား 9+++
ထိရောက်တဲ့ အလင်းအားကို ထုတ်လွှတ်စေနိုင်ရန်နဲ့ အလင်းအရင်းမြစ် တွေကို ထိန်းချုပ်နိုင်စေရန် Tripod socket ကို သံလိုက်ထိန်းချုပ်မှုနဲ့ တွဲဖတ်အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။
အလေးချိန်ကို 4.1 အောင်စ/ 116 g (ဘက်ထရီနှင့် ဆက်စပ်ပစ္စည်းများ မပါဝင်)နဲ့ အရွယ်အစားဟာဆိုရင်လဲ 1.93” အရှည် x 1.93” အနံ x 3.8” အမြင့် (49 x 49 x 97 mm) လောက်အထိကို ပေါ့ပေါ့ပါးပါး သယ်ယူသွားနိုင်စေရန် ထုတ်လုပ်လာတာပဲဖြစ်ပါတယ်။
အကယ်၍ သင်က မြန်မာနိုင်ငံထဲ မှာပဲဆို တစ်ခုတော့ ၀ယ်ကို၀ယ်ထားသင့်ပါတယ်နော်။
(ဒါမှမဟုတ်) ခရီးတွေထွက် Camping တွေသွားနေတဲ့သူဆိုရင်တော့ တစ်ခုလောက်ဆောင်ထားလိုက်ပါနော်
Reviews
There are no reviews yet.