ဒီတစ်ခေါက်မှာတော့ Backpacks 4U ကနေ hiking အခုမှစလုပ်မဲ့သူတွေနဲ့ hikers တွေအတွက်ပါ မဖြစ်မနေ သယ်ဆောင်သွားသင့်တဲ့ ပစ္စည်းလေး အချို့ကို ဝေမျှပေးသွားမှာပါ။
( ဖတ်ရန်ကြာချိန် – ၃ မိနစ်)
Hiking ဆိုတာကတော့ ကျယ်ပြန့်ပါတယ်။ နေပူမိုးရွာမရှောင် သွားကြတယ် တက်ကြတယ်။ ရေခဲတောင်ဆိုလည်း တက်ကြတယ်ဆိုတဲ့အတွက် outdoor adventures တွေထဲမှာတော့ hiking gears တွေက အမျိုးအစားအများဆုံးဖြစ်သလို ဈေးအကြီးဆုံးတွေလည်း ဖြစ်နေပြန်ပါတယ်။ Hiking သွားတော့မယ်ဆိုရင် မိတ်ဆွေတို့အနေနဲ့လည်း လမ်းကြာကြာလျှောက်တာမျိုး၊ အမြင့်တွေ ကျောက်ကမ်းပါးတွေ ကျောက်ဆောင်ကျောက်တောင်တွေပေါ်ကိုပါ ဖြတ်သန်းသွားလာရတာအပြင် တောထဲတောင်ထဲမှာ စခန်းချ အိပ်စက်ရတာမို့ သက်လုံကောင်းဖို့အတွက် အလေ့အကျင့်ကောင်းရှိဖို့လည်း လိုကိုလိုအပ်ပါတယ်။ 🚶‍♂️🚶‍♀️🏔️⛰️
တစ်ရက် နှစ်ရက် hiking အတွက်ဆို အခုပြောပြပေးမှာတွေက သိပ်မလိုလောက်ပေမဲ့ ဒီထက်ရက်ပိုကြာကြာ hiking သွားမဲ့သူတွေအတွက်ဆို ပိုမှန်ပါလိမ့်မယ်။ အဓိက က ရာသီဥတုနဲ့ နေရာဒေသကြောင့် အဝတ်အစားအပို၊ လွယ်အိတ် နဲ့ ကိုယ့် စီးရမဲ့ ဖိနပ်ကအစ ဂရုပြုရွေးချယ်ရတာမျိုးတွေအပြင် အခြား gears အပို လိုအပ်တာ သယ်ဆောင်ရတာတွေပါ ရှိလာလို့ပါ။ Hiking တဲ့အခါ သယ်ယူသွားသင့်တဲ့ အရာတွေကတော့
1. A waterproof shell jacket 🧥
ဒါကဘာလို့ နံပါတ် ၁ ဖြစ်နေရသလဲဆိုရင် hikers တွေသွားမဲ့ ခရီးမှာ ပေါ့ပေါ့ပါးပါးနဲ့ waterproof jacket or rain cover လေးတစ်ခုကတော့ ကိုယ့်အတွက်ပါသွားသင့်တာမို့ပါ။
2. Sturdy footwear 🥾👟
ကိုယ့်ခြေထောက်အတွက် ကြာကြာစီးလို့ရမဲ့ ခြေ ankle ကိုထိန်းပေးနိုင်မဲ့ hiking boots or hiking shoes မျိုးကိုဝတ်သွားသင့်ပါတယ်။ (waterproof ဖြစ်မဲ့ boots or shoes ဆိုပိုအဆင်ပြေတာပေါ့။) ခြေအိတ်အပိုအစုံလည်းသယ်သွားသင့်ပါတယ်။
3. The right size of backpack 🎒
ဒီနေရာမှာ ရက်ရှည် hiking သွားမဲ့ မိတ်ဆွေတို့အနေနဲ့က day pack backpack နဲ့ hiking တက်ဖို့တော့မဖြစ်နိုင်ပါဘူး။ hiking backpack တစ်လုံး ကတော့ ရှိကိုရှိထားသင့်ပါတယ်။ အိတ်အမျိုးအစား ရွေးချယ်တဲ့အခါမှာလည်း အလေးချိန် လီတာ အလိုက် ကျား/မ အမျိုးအစား အလိုက် ရွေးချယ်ဝယ်ယူသင့်ပါတယ်။
4. A bright, long-burning headlamp 🔦
နောက်တစ်ခုလိုအပ်တာကတော့ ဘထ္ထရီကြာရှည်ခံ
အလင်းအားတောက်ပတဲ့ headlamp ကောင်းတစ်ခုကို သယ်ယူသွားဖို့ပါပဲ။ flashlight တို့ torch တစ်ခုခုထပ်သယ်ဆောင်သွားနိုင်ရင်တော့ အကောင်းဆုံးပေါ့။
5. Good foods and utensils 🌽🍗🥓
Hikers သမားတွေလည်း အစာအာဟာရစားဖို့ပြည့်ဝဖို့လိုတယ်လေနော်။ ဒါကြောင့် အလွယ်တကူချက်ပြုတ်လို့ရမဲ့ ပစ္စည်းတွေနဲ့ အစားအသာက်တွေယူဆောင်သွားသင့်ပါတယ်။
6. Warm hiking gloves 🧤
ရေခဲတောင်တက်သမားတွေအတွက်လို့ပြောရမဲ့ ကိုယ့်လက်တွေကို နွေးထွေးအောင်လုပ်ပေးနိုင်မဲ့ gloves တွေပါသွားရင်အကောင်းဆုံးပါ။
7. Tents and sleeping bag 🏕️
Hiking ကြာရှည်သွားမဲ့သူတွေအတွက်လည်း ညဘက်ညအခါ အိပ်တဲ့အခါမှာ အဆင်ပြေစေမဲ့ sleeping bag လိုသလို ဒါမှမဟုတ် tents ကတော့လိုကိုလိုအပ်ပါတယ်။ sleeping bag ကို ဒီဂရီအလ်ုက် ကိုယ်သွားမဲ့နေရာဒေသအလိုက် ရွေးချယ်ပြီးဝယ်ယူသင့်သလို tents တွေကိုလည်း နေရာဒေသလိုက် ဘယ်နှစ်ယောက်အိပ်ဆိုတာမျိုးကိုပါ ရွေးဝယ်ဖို့ အကျဉ်းချုံး အကြံပါလိုပါတယ်။
8. A solar-powered battery charger 🔌🌝
ဒီနေရာမှာတော့ camping and travelling အတွက်ထုတ်ထားတဲ့ ပေါ့ပါးပြီး solar charger စနစ်ပါတဲ့ battery power devices တွေယူဆောင်သွားနိုင်ခြင်းကလည်း hikers တွေအတွက် အသုံးဝင်မှာပါ။ Backpacks 4U မှာတော့ solar power charger 3 မျိုးရှိပါတယ်။ power station ဆိုရင်တော့ iForway နဲ့ Ecoflow အမျိုးအစားတွေရှိပါတယ်။
9. First aid kit and sanitry gears ⛑️💊🩺
ဒီိလိုအရာတွေက ဘာလို့ပါသင့်လဲဆိုရင် ဟုတ်ကဲ့ ဖြောင့်ဖြူးတဲ့ ခရီးလမ်း ဆိုတာမရှိပါဘူး။ ဒီစကားက Hikers တွေအတွက်ဆိုပိုမှန်ပါလိမ့်မယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါမှာပဲ ဖြစ်ဖြစ် တစ်ခုခု အရေးပေါ် ဆေးဝါး လိုအပ်တဲ့အခါမှာပဲဖြစ်ဖြစ် First aid kit က ရှိကိုရှိသင့်ပါတယ်။ insects repellent တွေလည်းယူသွားသင့်သလို water filters တွေလည်းယူဆောင်သွားသင့်ပါတယ်။ Backpacks 4U မှာတော့ water filter ဝယ်ချင်တယ်ဆိုရင် miniwell နဲ့ ripuri နှစ်မျိုးဝယ်ယူလို့ရနိုင်မှာပါ။
10. Your phone 📲😍
ဒါကတော့ အခုလို Digital IT ခေတ်ကြီးမှာ ဖုန်းကတော့လိုကိုလိုအပ်မှာပါ။ တောထဲတောင်ထဲမှာပဲ သုံးလို့ရမဲ့ ဖုန်းအမျိုးအစားတွေလိုအပြင် အကယ်လို့တောအနက်ကြီးထဲမဟုတ် ဝေးလံခေါင်သီတဲ့ နေရာမဟုတ်တဲ့အခါ GPS app နဲ့ weather app တွေကနေ အခြေအနေသိနိုင်တာမို့ပါ။ ဘယ် app အမျိုးအစားတွေကို download ထားသင့်လဲဆိုရင် Komoot, The Hiking Project, All Trails, Gaia GPS, Spyglass, PlantSnap and Peakfinder အစရှိတာတွေကို hiking မသွားခင် တစ်ခုလောက်တော့ သင့်ဖုန်းထဲ ရှိသွားစေချင်ပါတယ်။ ဖုန်းပါတဲ့အခါ လမ်းခရီးမှာ ညဘက် အိပ်မပျော်တဲ့အခါမျိုးမှာ လမ်းခရီးရပ်နားတဲ့အခါမျိုးမှာ သီချင်းနားထောင်လို့ရတာတွေကလည်း မိတ်ဆွေတို့ခရီးလမ်းမှာ စိတ်ညစ်မှုကိုလျှော့ချနိုင်မှာပါ။
အခုဖော်ပြပေးခဲ့တာကတော့ Hiking စလုပ်မဲ့သူတွေအတွက်ရော Hiking သွားနေကြ Hikers တွေအတွက်ပါ ဘယ်အရာဘယ်ပစ္စည်း gears တွေယူသွားနိုင်ရင် ပိုကောင်းမယ်ဆိုတာကို အခြေခံလိုအပ်ချက်လေးတွေ ရေးသားဖော်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။ ✍️🤓
မိတ်ဆွေတို့အနေနဲ့ Hiking သွားတုန်း​​က ကြုံရတဲ့ အမှတ်တရလေးတွေနဲ့ ကိုယ့်အလှည့်က ဘယ် gears တွေကိုပါ သယ်သွားရတယ် ပါမှရတယ်ဆိုတာတွေကိုပါ comment မှာ မျှဝေပေးခဲ့လို့ရပါတယ်နော်။ 🙋‍♂️🙋‍♀️
Hiking အတွက် gears တွေကိုလိုအပ်လိုရှာဖွေနေတယ်ဆိုရင်တော့ Backpacks 4U ကို သတိရလိုက်ပါ။
မိတ်ဆွေတို့ခရီးစဉ်အတွက် လိုအပ်တာ ရွေးချယ်ဝယ်ယူနိုင်ဖို့ အကြံဉာဏ်ပေးပြီး ကူညီပေးမှာပါ။ 🙆‍♂️🙆‍♀️
အခုလို အဆုံးထိဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။ 🙏🤗
Backpacks 4U ရဲ့ website ဖြစ်တဲ့ www.backpacks4you.com မှာလည်း ဝင်ရောက်ကြည့်ရှုပြီး စိတ်ကြိုက်ရွေးချယ် ဝယ်ယူလို့ရနေပါပြီ။ 🌍💁‍♂️💁‍♀️

Leave a Reply

Your email address will not be published.